မောင်စေတနာ ဆော့ဝဲလ်.
ပျက်သွားသော Data များကို ပြန်ခေါ်ချင်လား
မိမိရဲ့စက်က ဖိုဒါတစ်ခုဖွင့်ရင် လိပ်တစ်ကောင်လို နှေးကွေးလွန်းတဲ့အတွက်
Window ပြန်တင်ခဲ့ပါတယ်။ Window တင်ပြီးတော့မှ မိမိလိုချင်သည့် ဖိုင်တစ်ခု
Format ချတဲ့ထဲ ပါသွားတဲ့အတွက် စိတ်ညစ်ခဲ့ရပါတယ်။ Data ကလဲ အရေးကြီးတော့
ပြန်ယူဖို့ လုပ်ရတော့တာပေါ့။ ဖြစ်ချင်တော့ ကွန်ပျူတာ ပညာရှင်တစ်ယောက်
ရှိနေတဲ့အတွက် အကူအညီ တောင်းလိုက်တယ်။ သူက အင်တာနက်က ရှာဖွေပေးပါတယ်။
သူ့ဆော့ဝဲလ်နဲ့ ပြန်လုပ်လိုက်တော့ မိမိရဲ့ ဖိုင်လေး ပြန်ရပါတယ်။
ဖိုင်ပြန်ရတော့ ပျော်တာပေါ့ဗျာ။ ဒီဆော့ဝဲလ် က Data ပြန်ယူတဲ့ အလုပ်တစ်ခုထဲ
လုပ်တာ မဟုတ်ပါဘူး။ Window Doctor , Window Backup, security &
privacy , Data Recovery, Password & Key Finder, Clone Genius,
တို့လဲ သုံးလို့ ရပါတယ်။ အရင် တစ်ခါ ဖော်ပြသွားတဲ့ Folder တွေကို Password
ပေးတဲ့ ဆော့ဝဲလ်လိုပဲ ယခု ဆော့ဝဲလ်မှာလဲ Folder တွေကို Password ပေးလို့
ရပါတယ်။ အမွှန်းတင်တာ များနေပြီ ထင်ပါတယ်။ ကဲ သုံးကြည့်ပါ။ ဒီဝက်ဆိုက်တွင် Download လုပ်ယူပါ။ Serial key က RTFGP-FWAJC-CMBJH-JDAJV ဖြစ်ပါတယ်။
မောင်စေတနာ
ဖိုဒါဖိုင်လေးတွေကို သော့ခတ်ရအောင်
ဆော့ဝဲလ်လေးနဲ့ ခပ်ဆင်ဆင် Lock Folder XP ဆော့ဝဲလ်ကို ဖော်ပြပေးပြီပါပြီး။
သို့ပေမယ့် Lock Folder XP ဆော့ဝဲလ်က ရက် ၃၀ ပဲ သုံးစွဲခွင့်ရှိပါတယ်။
သိပ်မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်ရဲ့ အားနည်းချက်လဲ ပါပါတယ်။ မကောင်းတာကို
ဖော်ပြမိတဲ့အတွက်။ ယခု ဆော့ဝဲလ်ကတော့ ကောင်းတယ်ဗျ။ လုံးပြန်ပြီ
အာမခံပြန်ပြီ လို့ ထင်အုံးမယ်။ ဟီး ... ။ မသိဘူး ညာရောင်းနေတာ။ ယခု
ဆော့ဝဲလ်လေးက မီးခံသတ္တာ ပုံစံလေးပါ။ မိမိရဲ့ လျှို့ဝှက်ချင်တဲ့
ပစ္စည်းမှန်သမျှ သိမ်းထားလို့ ရပါတယ်။ သော့ကတော့ မိမိဆီမှာပဲ သိမ်းထားရမှာ
ဖြစ်ပါတယ်။ သော့က password ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆို ဒီမှာ Click လုပ်ယူပါ။